သင်သည် အများအားဖြင့် 3,000 SGD အထိ ပေးပို့နိုင်ပါသည်။ သို့ရာတွင်၊ အချို့သောပမာဏများနှင့် ငွေလွှဲများအတွက်၊ သင်သည် ဖော်ပြပါအတိုင်း ထပ်ဆောင်း အချက်အလက်များ သို့မဟုတ် မှတ်တမ်းမှတ်ရာများကို ဖော်ပြပေးရန် လိုအပ်နိုင်ပါသည်- နိုင်ငံသားမှတ်ပုံတင်ကတ် (NRIC) သို့မဟုတ် ယဉ်မောင်းလိုင်စင်တစ်ခု။ သင်သည် စင်ကာပူနိုင်ငံရှိ နိုင်ငံခြားသားတစ်ဦး ဖြစ်ပါက Western Union ကိုယ်စားလှယ်ရုံးတစ်ခုတွင် ငွေပို့ခြင်းအတွက် နိုင်ငံခြားသား အထောက်အထားအမှတ် (FIN)၊ စင်ကာပူနိုင်ငံတွင် ထုတ်ပေးသည့် အလုပ်ပါမစ် သို့မဟုတ် နိုင်ငံတကာ နိုင်ငံကူးလက်မှတ်ကို တင်ပြရန် လိုအပ်ပါမည်။ လက်ခံနိုင်သော ID များသည် စင်ကာပူဗဟိုဘဏ် စည်းမျဉ်းစည်းကမ်းများပေါ် မူတည်ပါသည်။
Western Union ကိုယ်စားလှယ်ရုံးများသည် ငွေသားကို အသုံးပြု၍ ကမ္ဘာအနှံ့ ငွေကြေး ပေးပို့ခြင်းနှင့် လက်ခံခြင်းကို လုပ်ဆောင်နိုင်ရန် ပေးကမ်းလျက်ရှိပါသည်။
သင့်အနေဖြင့် ကျသင့်သည့် ဝန်ဆောင်ခများအပြင် မှန်ကန်သည့် အထောက်အထားပြု စာရွက်စာတမ်း၊ ငွေလွှဲ အသေးစိတ်အချက်များကို ဖော်ပြပေးရန်နှင့် သင်ပေးပို့လိုသည့် ငွေပမာဏကို ကိုယ်စားလှယ်ထံ ငွေသားဖြင့်ပေးချေရန် လိုအပ်ပါလိမ့်မည်။
သင့်အနီးရှိ ကိုယ်စားလှယ်ရုံးတစ်ခုကို ရှာရန် ဤလင့်ခ်ကို သုံးပါ။
Western Union ၏ ကိုယ်စားလှယ်ရုံးများသည် လွတ်လပ်သော လုပ်ငန်းများဖြစ်ပြီး Western Union ကိုယ်စား ၎င်း၏ သုံးစွဲသူများအတွက် ငွေလွှဲပြောင်းဝန်ဆောင်မှုများကို ပံ့ပိုးပေးသည်။ ၎င်းတို့သည် ငွေကြေးကို ပေးပို့ရန် သို့မဟုတ် လက်ခံရန် သင်လိုအပ်သည့် မတူညီသော နိုင်ငံများရှိ ကျွန်ုပ်တို့၏ ကိုယ်စားလှယ်များဖြစ်ကြပြီး ၎င်းတို့သည် ဘဏ်များ၊ စာတိုက်များ၊ စူပါမားကတ်များ၊ ကုန်စုံဆိုင်များ၊ ငွေလွှဲလုပ်ငန်းလုပ်ကိုင်သူများ၊ ကုန်ပို့ဌာနများ၊ ဆေးဆိုင်များ၊ ခရီးသွားအေဂျင်စီများ၊ ကုန်လှောင်ရုံများ၊ လေဆိပ်များ၊ ရထားနှင့် ဘတ်စ်ကားဂိတ်များ၊ ငွေလဲလှယ်သည့်ရုံးများ၊ နှင့် အခြားလက်လီလုပ်ကိုင်သူများ ဖြစ်နိုင်ပါသည်။